kiosk furniture logo
coupon
K
0 coin

ကွန်ဒိုအခန်းအတွက် ဂျပန်စတိုင် ဗီဒိုစီစဥ်နည်းများ

အခန်းတွင်းရရှိနိုင်သောနေရာသည် အလွန်အကန့်အသတ်ရှိကြောင်း ကွန်ဒိုနေထိုင်သူများသိသည်။ ပစ္စည်းတွေကို စနစ်တကျဖြစ်အောင် စီစဥ်ရတာ မလွယ်ကူပါဘူး။ အထူးသဖြင့် အင်္ကျီ၊ ဘောင်းဘီ၊ စကတ်၊ အိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ အများကြီးရှိတဲ့သူတွေဟာ ကောင်းကောင်း စီစဥ်ထားဖို့လိုပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဗီရိုထဲမှာ အဝတ်တွေပြည့်လျှံနေပြီး အခန်းကို ရှုပ်ပွစေတာကြောင့်ပါ။ ဒီနေ့မှာတော့ ဂျပန်အိမ်ရှင်မတွေရဲ့ ဗီရိုကိုစနစ်တကျစီစဥ်ဖို့ အကောင်းဆုံးနည်းလမ်းလေးတွေကို စုစည်းပေးလိုက်ပါတယ်။ ဒါပြီးရင် လူကြီးမင်းအခန်းက အဝတ်အစားတွေ ရှုပ်ပွမနေတော့မှာ သေချာပါတယ်။



သင့်ဗီရိုကိုစနစ်တကျစီစဥ်ရန် အကောင်းဆုံးနည်းလမ်း (၅)ခု

ရှုပ်ပွနေသောဗီရိုများသည် ဘဝကိုရှုပ်ပွစေသည်ဟု ဂျပန်တို့က ယုံကြည်ကြသည်။ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များကို အသုံးပြု၍ ယုံကြည်ချက်တစ်ခုသာ ဖြစ်သော်ငြား၊ တစ်ကယ့်လက်တွေ့မှာလည်း ဒါဟာ စနစ်ကျခြင်းတစ်ခုပါပဲ။ ဘဝမှာ နေ့တဓူ၀ ဝတ်စားဆင်ယင်နေရတဲ့ အဝတ်အစားတွေကို အလွယ်တကူ ယူဝတ်နိုင်စေမှာဖြစ်ပြီး၊ အလုပ်နောက်ကျတဲ့အထိ ဗီရိုကို ဖြိုဖျက်ရှာနေဖို့ မလိုတော့ပါဘူး။

ထို့ကြောင့် ဂျပန်အိမ်ရှင်မများသည် ဗီရိုကို အလွယ်တကူ စနစ်တကျစီစဥ်နည်းကို အချင်းချင်းပြောနေကြသည့် လျှို့ဝှက်လှည့်ကွက်တစ်ခုကဲ့သို့ မျှဝေလာကြသည်။ ထို့အပြင် သင့်အားစိုက်ထုတ်မှုကို မဖြုန်းတီးဘဲ သင်၏ဗီရိုထဲမှ မလိုအပ်သောအဝတ်များကို ခွဲထုတ်ရန်လည်း ကူညီပေးသည်။ ဤရိုးရှင်းသောညွှန်ကြားချက်များကိုသာလိုက်နာပါ။

1. ဗီရိုထဲရှိအဝတ်အစားများကို စတင်ခွဲစီပါ။

အဝတ်အစားတွေကို ဂရုမစိုက်ဘဲ ဗီရိုထဲ အလွယ်တကူ လွှင့်ပစ်တာက အဝတ်အစားတွေကို ရှုပ်ပွပြည့်လျှံနေစေတဲ့အတွက် ရှင်းရှင်းလင်းလင်း စီထားခြင်းအားဖြင့် ကိုင်တွယ်ရတာ လွယ်ပါတယ်။ ထို့ကြောင့် အကုန်လုံးဖြိုဖျက်ခြင်းမှ စတင်သင့်သည်။ အဝတ်အားလုံးကိုခေါက်ဖြေပြီး အမျိုးအစားများအလိုက် စီ၍ထားပါ။

  • ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် တီရှပ်၊ ရှပ်အင်္ကျီ သို့မဟုတ် ဆွယ်တာများကဲ့သို့သော အဝတ်အစားများ

  • ခန္ဓာကိုယ်အောက်ပိုင်းဝတ်ဆင်သည့် ဘောင်းဘီနှင့် စကတ်ကဲ့သို့သော အဝတ်အစားများ

  • ဂါဝန်၊ ကုတ်အကျီ သို့မဟုတ် အနောက်တိုင်းဝတ်စုံစသည်ဖြင့် တန်းပေါ်တွင် ချိတ်ထားသင့်သော အဝတ်အစားများ။

  • ခြေအိတ်များ

  • အတွင်းခံများ

  • လက်ကိုင်အိတ်များ

  • ခါးပတ်၊ လက်အိတ်၊ ဦးထုပ်စသည်ဖြင့် အခြားအသုံးအဆောင်များ

  • ရေကူးဝတ်စုံ သို့မဟုတ် ယူနီဖောင်းကဲ့သို့သော အထူးအ၀တ်အထည်များ

ထိုသို့အမျိုးအစားများခွဲပြီးနောက် ပုံမှန်အသုံးပြုသည့် အဝတ်အစား သို့မဟုတ် အသုံးအဆောင်ပစ္စည်းများအား ထပ်၍ခွဲထားပြီး၊ နောက်ထပ်အကန့်တွင် အခြားအသုံးနည်းသော အဝတ်အစားများကို သီးခြားထားရှိပါ။ ထို့အပြင် တစ်ဦးချင်းလိုအပ်ချက်ပေါ်မူတည်၍ မလိုအပ်တော့သည်များကို လှူဒါန်းခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းအားဖြင့်် စီမံခန့်ခွဲလိုက်ပါက​ လူကြီးမင်းရဲ့ဗီရိုက မယုံနိုင်​​လောက်​​အောင်​ ရှင်းသွားပါလိမ့်​မယ်​။


2. အမျိုးအစားအလိုက် အဝတ်ချိတ်တန်းများဖြင့် စုစည်းပါ။

အဝတ်အစားများကိုခေါက်၍ စင်ပေါ် သို့မဟုတ် အံဆွဲများထဲတွင်ထား၍ အသုံးပြုသူတိုင်းအတွက် အဝတ်ချိတ်တန်းပါသော စတီးဗီရိုအတွင်း ပြောင်းလဲသိမ်းဆည်းကြည့်ပါ။ ဒီလှည့်ကွက်ကို ဗီရိုထဲရှိ အဝတ်အစားများအား အလွယ်တကူ အမျိုးအစားခွဲနိုင်အောင် အသုံးပြုနိုင်ပါတယ်။ နေရာယူခြင်းကိုလည်း သက်သာစေပါတယ်။ အဝတ်အစားများ ဖုန်ကပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

3. ခေါက်ထားသောအဝတ်အစားများ၊ ထုပ်ပိုးထားသည့်အိတ်များကို အကန့်များထဲတွင် သိမ်းဆည်းပါ။

ချိတ်ရန်အဝတ်အစားများလွန်းသူများအတွက်။ စတီးဗီရိုတွင် ဘက်စုံသုံးအံဆွဲအကန့်များကဲ့သို့သော နောက်ထပ်လုပ်ဆောင်ချက်များပါရှိသည်။ အပိုအံဆွဲများထားရှိရန် လုံလောက်သော ကျယ်ဝန်းသော အတွင်းခန်းရှိပါသည်။ အ၀တ်တွေကိုလိပ်ပြီး ခေါက်တဲ့နည်းကိုလည်း သုံးနိုင်ပါတယ်။ ဂျပန်အိမ်ရှင်မတွေရဲ့ လှည့်ကွက်တစ်ခုကတော့ ရှပ်အင်္ကျီတွေကို အလယ်မှာဆုံမှတ်ထားပြီး ဘယ်ညာ ခေါက်လိုက်ရုံပါပဲ။ ပြီးရင် အပေါ်ကနေအဆုံးထိ တင်းတင်းကျပ်ကျပ် လှိမ့်ပေးပါ။ ဤနည်းသည် အဝတ်အစားများအတွက် သိုလှောင်ရန်နေရာကို အလွယ်တကူ တိုးမြှင့်နိုင်သည်။ ထို့ပြင် ဗီရိုအတွင်း သိုလှောင်မှုပမာဏကိုလည်း တိုးစေသည်။


4. အဝတ်အစားဇုန်များကို အရောင်ဖြင့် ပိုင်းခြားပါ။

လက်မလွတ်သင့်တဲ့ နောက်ထပ်လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ အဝတ်အစားအများကြီးမရှိပေမယ့် အရောင်တွေရောစပ်ထားတာကြောင့် ရှုတ်ထွေးနေတတ်ပါတယ်။ ရိုးရှင်းသောနည်းစနစ်တစ်ခုဖြစ်သည့် အရောင်အသွေးအလိုက်စီခြင်းကို အသုံးပြုပါ။ အနက်ရောင်မှ အရောင်ဖျော့အထိ။ လိုက်ဖက်တဲ့အဝတ်အစား ဝတ်ချင်သူတွေအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီရိုတစ်ခုလုံးကို စနစ်တကျဖြစ်စေတဲ့အပြင် နေ့စဥ် အဝတ်အစားရွေးချယ်ရာမှာလည်း အချိန်ကုန်သက်သာစေပါတယ်။


5. ရာသီအလိုက်အဝတ်အစားများကို သပ်သပ်စီထားပါ။

ရာသီအလိုက်အဝတ်အစားတွေ အများကြီးရှိတဲ့သူတွေအတွက် လှည့်ကွက်တစ်ခုနဲ့ အဆုံးသတ်လိုက်ရအောင်။ ရာသီအလိုက်အဝတ်အစားများကို ခွဲခြားခြင်းသည် သင့်ဗီရိုကို စနစ်တကျထားရှိရန် နောက်ထပ်လွယ်ကူသောနည်းလမ်းဖြစ်သည်။ ဆွယ်တာအင်္ကျီနဲ့ နိုင်ငံရပ်ခြားကို မကြာခဏ ခရီးသွားနေသူတွေအတွက် သင့်တော်ပါတယ်။ ဤနည်းဖြင့် ဇုန်များကို ပိုင်းခြားခြင်းသည်လည်း သင့်အတွက် အဝတ်အစားများကို ရှာဖွေရလွယ်ကူစေသည်။


ဗီရိုကို စနစ်တကျထားဖို့ နည်းလမ်းလေးတွေကိုသိပြီးတဲ့နောက် လူကြီးမင်းရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အရွယ်အစားနဲ့ ဒီဇိုင်းပါတဲ့ ဗီရိုကိုရှာဝယ်ဖို့မမေ့ပါနဲ့။ အခန်းတိုင်းတွင် အလွယ်တကူထားနိုင်ပြီး တာရှည်ခံရမယ်။ ထို့နောက် နေရာအကန့်အသတ်အတွက် ရေပန်းအစားဆုံး ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်သည့် KIOSK စတီးဗီရိုကို ကြည့်လိုက်ပါ။ မိမိတို့ KIOSK ရှိပရိဘောဂများနှင့် လစဥ်ပရိုမိုးရှင်းများကို မိမိတို့၏ website တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။