kiosk furniture logo
coupon
K
0 coin

ဘက်စုံသုံး စတီးပရိဘောဂ ကက်ဘိနက်

စတီးကက်ဘိနက်ဗီဒို - စာရွက်စာတမ်းများ၊ ကုန်ခြောက်များ၊ ဖိနပ်များ သို့မဟုတ် အခြားပစ္စည်းများကို သိမ်းဆည်းရန် ဘက်စုံသုံးပရိဘောဂအဖြစ် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်သည်။ သို့သော် မကြာခဏဆိုသလိုပဲ လူအတော်များများဟာ တပ်ဆင်ထားတဲ့ စတီးဗီဒိုတွေနဲ့ပတ်သက်ပြီး ငြီးငွေ့ဖွယ်ကောင်းသော ရှေးဟောင်းပရိဘောဂတွေဆိုပြီး အတွေးအမြင်ရှိကြတယ်။ တကယ်တော့ ဒါဟာ ကြီးမားတဲ့ နားလည်မှုလွဲမှားမှုတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ်မှာ ခေတ်မီတဲ့စတီးဗီဒိုတွေကို ခေတ်မီဒီဇိုင်းတွေ နောက်ပြီးတော့ ပုံစံအမျိုးမျိုးနဲ ့အရောင်အသွေးစုံလင်စွာဖြင့် ရရှိနိုင်ပါတယ်။ ပစ္စည်းများ သိမ်းဆည်းထားနိုင်ရန်အတွက်သာမက အိမ်ကိုလှပအောင်လည်း အလှဆင်ပေးပါသည်။ အခြားပရိဘောဂများကဲ့သို့စတိုင်ကျသည်။


စတီးဗီဒိုတွေက တကယ်ကောင်းလား၊ ဘယ်လောက်ကောင်းလဲလို့ တွေးနေသေးတဲ့သူတွေအတွက် ဒီဆောင်းပါးမှာ လူအများစု လျစ်လျူရှုထားလေ့ရှိတဲ့ စတီးဗီဒိုတွေရဲ့ အားသာချက်တွေကို ကြည့်ပြီး အသုံးပြုရကျိုးနပ်တဲ့ စတီးဗီဒို (၃)မျိုးကို အကြံပြုထားပါတယ်။ အတူတူကြည့်လိုက်ကြရအောင်။

လူတော်တော်များများမသိသေးတဲ့ စတီးဗီဒိုတွေကို ရွေးချယ်ရခြင်းရဲ့ အားသာချက်များ။

  • ခိုင်ခံ့မှုနှင့်ကြာရှည်ခံမှု

စတီးကက်ဘိနက်သည် ခိုင်ခံ့ပြီး တာရှည်ခံသော စတီးသားဖြင့် ပြုလုပ်ထားသည့် ပရိဘောဂတစ်ခုဖြစ်သည်။ အထူးသဖြင့် သံချေးမတက်စေရန်နှင့် အချိန်ကြာကြာ အသုံးပြုနိုင်စေရန် အဆင်မြင့်ဆေးနည်းပညာ (Powder Coating)ဖြင့် အသုံးပြုပေးထားပါသည်။ စတီးဗီဒိုဖြစ်သောကြောင့် သေချာပေါက် ကောင်းကောင်း ထောက်ပံ့ပေးနိုင်သည့်အတွက် အလေးချိန်ကို စိတ်ပူစရာမလိုတော့ပဲ ပစ္စည်းအများကြီး သိမ်းထားနိုင်သည်။

  • လုံခြုံစိတ်ချရပြီး ခိုးယူခံရမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

အရေးကြီးသော တန်ဖိုးကြီးပစ္စည်းများအား စတီးဗီဒိုအတွင်းထား၍ အသုံးပြုသူများအတွက်။ အလွယ်တကူ ခိုးယူခံရမှာကိုလည်း စိုးရိမ်နေရတာ ရပ်သွားနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် စတီးဗီဒိုကိုပြုလုပ်ထားသည့် စတီးသားသည် မာကျောသောကြောင့်ဖြစ်သည်။ သူခိုးတွေ အလွယ်တကူ ဖောက်ထွင်းဝင်ရောက်မှုကို တားဆီးပေးနိုင်ပါတယ်။ အချို့မော်ဒယ်များတွင် သော့တစ်ခုလည်း ပါရှိပါသည်။ ၎င်းသည် သင်၏ပိုင်ဆိုင်မှုများကို ပိုမိုလုံခြုံစေသည်။

  • ပစ္စည်းတွေကို ပိုပြီးစနစ်တကျ သိမ်းဆည်းပါ။

ယနေ့ခေတ်တွင် လှပသောဒီဇိုင်းပုံစံများစွာဖြင့် အကန့်များစွာရှိသည့် စတီးဗီဒိုများရှိပါသည်။ စတီးစင်ပဲဖြစ်ဖြစ် တံခါးတွေပါတဲ့ စတီးကက်ဘိနက်ဖြစ်ဖြစ် လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်ပြီး ပြီးပြည့်စုံစွာ အသုံးပြုနိုင်ပါတယ်။ မည်သည့်အိမ်တွင်မဆို ပစ္စည်းများစွာရှိလျှင် ကြီးမားသော စတီးဗီဒိုကို ရွေးချယ်နိုင်ပါသည်။ သို့မဟုတ် စင်များစွာပါသော စတီးဗီဒိုကို ရွေးချယ်ပါ။ စနစ်တကျ သိမ်းဆည်းရန်နှင့် နောက်တစ်ကြိမ် အလွယ်တကူရှာဖွေ အသုံးပြုနိုင်ရန်ဖြစ်သည်။

  • ပေးရတဲ့ဈေးနဲ့တန်တယ်။

ဝန်ထမ်းများစွာရှိသည့် ရုံးတွင်အသုံးပြုရန် စတီးဗီဒိုတစ်ခုကို ရွေးချယ်ခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ စျေးသက်သာသော ပစ္စည်းဖြစ်သောကြောင့် ပြုပြင်ရမည့်စရိတ်စကအား စိတ်ပူစရာမလိုဘဲ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီး၊ မကြာခဏဝယ်ယူ၍ လဲလှယ်လေ့ရှိရမည့် အခြားပရိဘောဂအမျိုးအစားများထက် ပိုက်ဆံအများကြီး ချွေတာနိုင်ပါတယ်။

  • အနံ့ဆိုးထွက်တဲ့ ပြဿနာမရှိပါဘူး။

ကက်ဘိနက်ဗီဒိုအတွင်းမှ အနံ့ဆိုးများထွက်နေခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော အခြားအချက်ဖြစ်သည်။ အထူးသဖြင့် ရုံးခန်းအတွင်းရှိ ဗီဒိုများအတွက်ဖြစ်သည်။ အရေးကြီးသော ဧည့်သည်များလာပါက အဖွဲ့အစည်း၏ ပုံရိပ်ကို အလွယ်တကူ ထိခိုက်စေနိုင်သည်။ ဒါပေမယ့် စတီးဗီဒိုတွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင်တော့ အနံ့ဆိုးတွေထွက်မှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ စတီးသည် ညစ်ညမ်းသော အနံ့ဆိုးများကို မထိန်းသိမ်းနိုင်သော ပစ္စည်းဖြစ်သောကြောင့် အနံ့ဆိုးပြသနာကို အဆုံးသတ်ရန် နည်းလမ်းရှာရန်ပင် မလိုအပ်တော့ပါ။

  • ခြကိုက်ခြင်းပြဿနာကို ဖယ်ရှားပါ။

စတီးဖြင့်ပြုလုပ်ထားသည့် ဗီဒိုအား ပြုပြင်ထိန်းသိမ်းရလွယ်ကူသော ပရိဘောဂတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ပိုးသတ်ဆေးအရည်ကို ပုံမှန်သုံးစရာမလိုပါဘူး။ စတီးပစ္စည်းများသည် ခိုင်ခံ့ပြီးသိပ်သည်းသောကြောင့် ပိုးမွှားများသည် ၎င်းကို ဝါးမစားနိုင်ပါ။ သင်မည်မျှကြာကြာအသုံးပြုသည်ဖြစ်စေ ကက်ဘိနက်သည် အမြဲတမ်းကောင်းမွန်နေမည်ဖြစ်သည်။

  • ရာသီဥတုအခြေအနေအားလုံးကို ခံနိုင်ရည်ရှိသည်။

စတီးဗီဒိုကို အခြေအနေများစွာတွင် အသုံးပြုနိုင်သည်။ ရာသီဥတုအခြေအနေအမျိုးမျိုးကို ကောင်းစွာခံနိုင်ရည်ရှိသောကြောင့်ဖြစ်သည်။ ရေ သို့မဟုတ် စိုထိုင်းဆကြောင့် ဗီဒိုပွတက်လာခြင်းပြဿနာအတွက် စိတ်ပူစရာမလိုပါ။ သို့မဟုတ် အမျိုးမျိုးသော ဘေးအန္တရာယ်များကြောင့် စတီးဗီဒိုသည် အတွင်းရှိပစ္စည်းများကို သေချာပေါက် မပျက်စီးအောင် ကောင်းစွာကာကွယ်နိုင်ဆဲဖြစ်သောကြောင့် ဖြစ်သည်။


KIOSK ပရိဘောဂမှ အမှန်တစ်ကယ်အသုံးဝင်သော စတီးဗီဒို (၃)မျိုးကို မိတ်ဆက်ပေးခြင်း။

  1. PL 12 - လော့ကာဗီဒို - အဆင့်မြှင့်တင်ထားသော ဗီဒိုဒီဇိုင်းနှင့် လော့ကာဖြစ်သည်။ အိမ်နှင့်ရုံးရှိ ပစ္စည်းများ သိမ်းဆည်းနိုင်ပြီး၊ လွယ်ကူစွာ သန့်ရှင်းရေး ပြုလုပ်နိုင်သည်။ ထူးခြားချက်မှာ လော့ကာ ၁၂ ခန်းလုံးတွင် တံခါးနှင့် Lock ကိုယ်စီပါရှိသည်။ (သော့ခလောက် ၁၂ လုံးအထိ ခွဲထားသည်)။ သင့်ပိုင်ဆိုင်မှု၏ လုံခြုံရေးကို တိုးမြှင့်ပေးသည်။

  2. SGD-3 : ဘေးဆွဲမှန်တံခါးနှင့်ဗီဒို - ဘေးဆွဲမှန်တံခါးနှင့်ဗီဒိုဖြစ်ပြီး၊ လိုသလို နိမ့်/မြင့် ချိန်ညှိနိုင်သော စင် (၂)ခုပါရှိသည်။ စင်တစ်ခုလျှင် အလေးချိန် (၅၀)ကီလိုဂရမ်အထိ တင်နိုင်ပြီး သော့ခတ်၍ အသုံးပြုနိုင်သည်။

  3. UDB-1 ခိုင်ခံ့သောစတီးတံခါးနှင့် ကက်ဘိနက် - ခိုင်ခံ့သောစတီးတံခါးနှင့် ကက်ဘိနက်ဖြစ်ပြီး၊ အတွင်းတွင် လိုသလိုနိမ့်/မြင့်ချိန်ညှိနိုင်သော စင် (၂)ခုပါရှိသည်။ သော့ခတ်၍ အသုံးပြုနိုင်သောကြောင့် သင့်ပိုင်ဆိုင်မှုများ ပိုမိုလုံခြုံမှုရှိသည်။

မိမိတို့ KIOSK ခေတ်မီပရိဘောဂတွင် စတီးတံခါး၊ ဘေးဆွဲမှန်တံခါးများပါရှိသော စတီးဗီဒိုအမျိုးမျိုးရရှိနိုင်ပါသည်။ ဘက်စုံသုံးနိုင်သော စတီးဗီဒိုများကို ရွေးချယ်ပါ။ အရည်အသွေးကောင်းမွန်သော စတီးပရိဘောဂများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ထားသောကြောင့် အိမ်အလှဆင်မှုပုံစံတိုင်းနှင့် လိုက်ဖက်မှုရှိပြီး စက်ရုံစျေးနှုန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ မိမိတို့ KIOSK ပရိဘောဂများနှင့် လစဥ်ပရိုမိုးရှင်းများကို မိမိတို့၏ website တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် သင်လိုအပ်နေတဲ့ စတီးပရိဘောဂတွေကို ချက်ချင်းဝယ်ယူလိုက်ပါ။