kiosk furniture logo
coupon
K
0 coin

သင့်လိုအပ်ချက်နှင့်ကိုက်ညီသော မှန်ကန်သည့်မီးခံသေတ္တာရွေးချယ်ရာတွင် အရေးကြီးသည့်အချက် (၅)ချက်

သေနတ်များသည် အန္တရာယ်ရှိသော လက်နက်များဖြစ်သည်။ စနစ်တကျ မသိမ်းဆည်းထားလျှင် အသက်နှင့် ဥစ္စာပစ္စည်းများ ထိခိုက်ပျက်စီးနိုင်သည်။ သေနတ်ထားရန်အတွက် လုံခြုံသည့်နေရာရွေးချယ်ခြင်းသည် အလွန်အရေးကြီးပါသည်။ ဤဆောင်းပါးတွင် သေနတ်နှင့် အဖိုးတန်ပစ္စည်းများထားရန်အတွက် လုံခြုံစိတ်ချရသည့် မီးခံသေတ္တာရွေးချယ်ရာတွင် သိထားသင့်သည့်အချက်များကို မိတ်ဆက်ပေးပါမည်။ သင့်လိုအပ်ချက်များနှင့်ကိုက်ညီပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန်ဖြစ်သည်။


ခိုးဆိုးလုယက်မှုများနှင့် အသက်အန္တရာယ်များမှကာကွယ်ရန် သေနတ်ကိုလုံခြုံစွာသိမ်းဆည်းပါ။

  • မတော်တဆမှုများကို ကာကွယ်ခြင်း - မီးခံသေတ္တာများသည် အနီးနားရှိ အခြားလူများကို တားဆီးရန် ကူညီပေးနိုင်ပါသည်။ သေနတ်ကို မတော်တဆ ကောက်ကိုင်မိခြင်းကြောင့် ဖြစ်တတ်သည့် သေနတ် မတော်တဆမှုများအား ကာကွယ်ရန် ကူညီပေးပါသည်။

  • ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခြင်းမှ ကာကွယ်ပေးသည် - မီးခံသေတ္တာသည် သေနတ်များ ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခြင်းမှ ကာကွယ်ရန် ကူညီပေးသည်။ တခြားလူများ သေနတ်အား အလွယ်တကူ ကိုင်တွယ်နိုင်ခြင်းမရှိစေရန် ကာကွယ်ပေးသည်။ ထို့ပြင် အခြားသူများကို ပစ်သတ်ခြင်း၊ သေနတ်ကိုင် လုယက်ခြင်း၊ သို့မဟုတ် ပရမ်းပတာဖြစ်စေခြင်းစသည့် ရာဇ၀တ်မှုကျူးလွန်ရန် အသုံးပြုခြင်းများမှလည်း တားမြစ်စေနိုင်သည်။

  • ပျက်စီးမှုကို ကာကွယ်ပေးသည် - သေနတ်ကို ရှော့ခ်တိုက်ခြင်း သို့မဟုတ် ခြစ်ရာအမျိုးမျိုးကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန် လုံခြုံစွာထားနိုင်သည်။


သေနတ်ထားရန် မီးခံသေတ္တာအား ဘယ်လိုရွေးချယ်မလဲ?

သေနတ်ထားဖို့ မီးခံသေတ္တာတစ်လုံးဟာ ဘယ်လောက်အရေးပါလဲဆိုတာကို အခုပဲ ကြည့်လိုက်ကြရအောင်။ သေနတ်ထားဖို့ မီးခံသေတ္တာရွေးချယ်ရာမှာ ဘယ်လိုအချက်တွေ ထည့်သွင်းစဥ်းစားသင့်လဲ။

၁။ သေနတ်အရွယ်အစားနှင့်အလေးချိန်

သင်သိမ်းဆည်းလိုသော သေနတ်များ၏ အရေအတွက်နှင့် အရွယ်အစားကို ထည့်သွင်းစဥ်းစားပါ။ မီးခံသေတ္တာသည် သေနတ်အားလုံး အံဝင်ခွင်ကျထားနိုင်သည့် အရွယ်အစားရှိရမည်။ ခဲယမ်းမီးကျောက်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများကဲ့သို့သော အခြားပစ္စည်းများအတွက်လည်း နေရာအလုံအလောက်ရှိသင့်သည်။ ထို့အပြင် ပြောင်းရွှေ့ရလွယ်ကူစေရန် သင့်လျော်သောအလေးချိန်ရှိသည့် မီးခံသေတ္တာကို ရွေးချယ်သင့်သည်။

၂။ ခိုင်ခံ့ပြီး တာရှည်ခံသောပစ္စည်းများဖြင့် ပြုလုပ်ထားသည်

လုံခြုံစိတ်ချရသော မီးခံသေတ္တာကို ရွေးချယ်ရာတွင် သံ သို့မဟုတ် စတီးဖြင့်ပြုလုပ်ထားသည့် အမျိုးအစားကို ရွေးချယ်ခြင်းဖြင့် ခိုင်ခံ့၍ တာရှည်ခံကာ ခိုးမှုနှင့် ဖောက်ထွင်းဝင်ရောက်မှုတို့ကို ကာကွယ်နိုင်မည်ဖြစ်သည်။ သိပ်သည်းဆမြင့်မားသော စတီးနှင့်ပြုလုပ်ထားသည့် မီးခံသေတ္တာကိုရွေးချယ်ခြင်းဖြင့် ခိုင်ခံ၍ အချိန်ကြာမြင့်စွာသုံးနိုင်သည်။

၃။ သော့ခတ်စနစ်ပါရှိခြင်း

သေနတ်အားဘေးကင်းစွာထားရန် သို့မဟုတ် အဖိုးတန်ပစ္စည်းများနှင့် အခြားအရေးကြီးပစ္စည်းများကို သိမ်းဆည်းရန်အတွက် မီးခံသေတ္တာသည် လုံခြုံသောသော့ခတ်ခြင်း (Key Lock) သို့မဟုတ် ပေါင်းစပ်နံပါတ်သော့ခတ်ခြင်း (Combination Lock)ကဲ့သို့သော စိတ်ချရသည့် သော့ခတ်စနစ်တစ်ခု ရှိသင့်သည်။ အရိုးရှင်းဆုံးနှင့် အဆင်ပြေဆုံးသောသော့ခတ်စနစ် (Key Lock) သို့မဟုတ် ပိုမိုရှုပ်ထွေးသော ဒစ်ဂျစ်တယ်သော့ခလောက်များ (Combination Lock) တို့သည် ဖျက်စီးရန် သို့မဟုတ် ဖောက်ထွင်းဝင်ရောက်ရန် ခက်ခဲသည်။

၄။ ဘေးကင်းရေးစံနှုန်းများ

သေနတ်ထားမည့်မီးခံသေတ္တာသည် UL 72 Class 350 အဆင့်သတ်မှတ်ထားပြီး၊ မီးဘေးကာကွယ်ရေးအတွက် ဖြစ်သင့်သည်။ ဤသည်မှာ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းရာတွင် အသုံးပြုသည့် လုံခြုံစိတ်ချရမှုစံနှုန်းဖြစ်သည်။

၅။ စျေးနှုန်း

သင်၏အရေးကြီးသည့်ပစ္စည်းများ လုံခြုံစွာထားရန်အတွက် မီးခံသေတ္တာ စျေးနှုန်းအမျိုးမျိုးရှိပါသည်။ အရွယ်အစား၊ ပစ္စည်း၊ လော့ခ်စနစ် (Lock System)နှင့် ဘေးကင်းရေးစံနှုန်းများပေါ်တွင် မူတည်သည်။ ဒါကြောင့် သင့်ဘတ်ဂျက်၊ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မီးခံသေတ္တာကို ရွေးချယ်သင့်ပါတယ်။


ตู้เซฟเก็บปืนคุณภาพดี แข็งแรง

KIOSK မီးခံသေတ္တာ (၃)မျိုး

KIOSK မီးခံသေတ္တာတိုင်းတွင် ထုချေဖျက်စီး၍ ဖွင့်ရန်ကြိုးပမ်းခြင်း သို့မဟုတ် ကျိုးပဲ့သည့်အခါတွင် အချက်ပေးသည့် အသံသတိပေးချက် လုပ်ဆောင်မှုပါဝင်သည်။ ပိုမိုဘေးကင်းစေရန်အတွက် Intertek Institute (ကမ္ဘာ့အဆင့်မီ စမ်းသပ်ရေးအင်စတီကျု) မှ UL 72 Standard ဖြင့် (၁) နာရီအထိ မီးလောင်ခံနိုင်ကြောင်း ETL Certified Fireproof Test ကို အောင်မြင်ပြီး Certificate လက်မှတ် ရရှိထားပါသည်။ စိတ်ကြိုက်ရွေးချယ်စရာ မော်ဒယ်တွေ အများကြီးရှိပါတယ်။

  • လက်ဗွေစနစ် (Fingerprint lock system) နှင့် ဒစ်ဂျယ်တယ်နံပါတ် (Digital number lock system) စနစ်ပါသော မီးခံသေတ္တာ၊ အလေးချိန် - 46 ကီလိုဂရမ်

အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများအတွက် မီးခံသေတ္တာ။ အထဲတွင် စင်ဗန်း (၁)ခုပါပြီး၊ (20) လီတာဆံ့သည်။ လက်ဗွေရာ (၁၀၀)အထိမှတ်သားနိုင်ပြီး၊ လျှို့ဝှက်နံပါတ် ၃-၈ လုံးအထိ အသုံးပြုနိုင်သည်။ One way locking system with 2 bolts. (သော့ခတ်သော့တံ ၂ ခု) စနစ်ဖြင့် လုံခြုံရေးကိုတိုးမြှင့်ထားသည်။ ကြည်လင်ပြတ်သားသော LCD မျက်နှာပြင်ပါရှိသည်။

  • လက်ဗွေစနစ် (Fingerprint lock system) နှင့် ဒစ်ဂျယ်တယ်နံပါတ် (Digital number lock system) စနစ်ပါသော မီးခံသေတ္တာ၊ အလေးချိန် - 74 ကီလိုဂရမ်

အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများအတွက် မီးခံသေတ္တာ။ အထဲတွင် စင်ဗန်း (၁)ခုပါပြီး၊ (39) လီတာဆံ့သည်။ လက်ဗွေရာ (၁၀၀)အထိမှတ်သားနိုင်ပြီး၊ လျှို့ဝှက်နံပါတ် ၃-၈ လုံးအထိ အသုံးပြုနိုင်သည်။ Three way locking system with 4 bolts. စနစ်ဖြင့် လုံခြုံရေးကိုတိုးမြှင့်ထားသည်။ ကြည်လင်ပြတ်သားသော LCD မျက်နှာပြင်ပါရှိသည်။

  • လက်ဗွေစနစ် (Fingerprint lock system) နှင့် ဒစ်ဂျယ်တယ်နံပါတ် (Digital number lock system) စနစ်ပါသော မီးခံသေတ္တာ၊ အလေးချိန် - 92 ကီလိုဂရမ်

အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများအတွက် မီးခံသေတ္တာ။ အထဲတွင် စင်ဗန်း (၁)ခုနှင့် သော့ခတ်နိုင်သည့်အံဆွဲ (၁)ခုပါရှိပြီး၊ (48) လီတာဆံ့သည်။ လက်ဗွေရာ (၁၀၀)အထိမှတ်သားနိုင်ပြီး၊ လျှို့ဝှက်နံပါတ် ၃-၈ လုံးအထိ အသုံးပြုနိုင်သည်။ Three way locking system with 4 bolts. စနစ်ဖြင့် လုံခြုံရေးကိုတိုးမြှင့်ထားသည်။ ကြည်လင်ပြတ်သားသော LCD မျက်နှာပြင်ပါရှိသည်။

မိမိတို့တွင် မီးဘေးကာကွယ်ရေးအတွက် UL 72 အတန်းအစား 350 အသိအမှတ်ပြု စံနှုန်းများပါရှိသည့် မီးခံသေတ္တာများနှင့် အခြားမီးခံသေတ္တာများစွာရှိပါသည်။ ခိုင်ခံ့မှု၊ တာရှည်ခံမှု၊ မီးကာကွယ်မှုနှင့် ဖောက်ထွင်းခံရသည့်အခါ အသံကြားနိုင်သော အချက်ပေးစနစ်ပါဝင်သည့် မီးခံသေတ္တာ ဒီဇိုင်းအမျိုးမျိုး၊ ဆိုဒ်အမျိုးမျိုးကို အလွန်ချိုသာသောစျေးနှုန်းများဖြင့် ရရှိနိုင်ပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် သင်၏အရေးကြီး အဖိုးတန်ပစ္စည်းများ လုံခြုံစွာထားနိုင်တဲ့ အရည်အသွေးအကောင်းဆုံး မီးခံသေတ္တာတစ်လုံးကို ချက်ချင်းဝယ်ယူလိုက်ပါ။


ကိုးကားချက်

ပစ္စည်းများထားရန် ပရိဘောဂဝယ်ယူသည့်အခါ ထည့်သွင်းစဥ်းစားရမည့် အချက် (၇)ချက်။ ယခု Link https://arcosstorage.com/blog/item/7-things-to-consider-when-choosing-a-self-storage-unit မှ မှီငြမ်းကိုးကားပါသည်။