kiosk furniture logo
coupon
K
0 coin

ဖိနပ်စင်အတွက် အကြံပြုချက်များနှင့် သင့်ဖိနပ်များကို ဂရုစိုက်နည်း


ဖိနပ်များသည် သင့်အသွင်အပြင်ကို ပိုကောင်းအောင်မြှင့်တင်ပေးနိုင်သည့် နောက်ထပ် လူ့အသုံးအဆောင်များဖြစ်သည်။ နောက်ပြီးတော့ ကျွန်တော်တို့ နေ့စဥ်၀တ်ဆင်ရမယ့် အရေးကြီးတဲ့ လက်ဝတ်ရတနာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ကောင်းစွာထိန်းသိမ်းခြင်းမရှိပါက ဖိနပ်များသည် လျင်မြန်စွာ ဟောင်းနွမ်းသွားနိုင်သောကြောင့် ဤဆောင်းပါးတွင် မတူညီသော ဖိနပ်ထားသိုမှု အိုင်ဒီယာများကို စုစည်းတင်ပြထားပါသည်။ ဖိနပ်ကို အမြဲသစ်လွင်နေစေရန် ဘယ်လိုထိန်းသိမ်းရမလဲ။


ဖိနပ်သိမ်းဆည်းခြင်းအတွက် အကြံဉာဏ်အချို့ကို ကြည့်ကြပါစို့။

  • အပိုလုပ်ဆောင်ချက်များပါရှိသော ဖိနပ်စင် (ထိုင်ခုံ/ဖိနပ်ထားရန်)

    အိမ်အလှဆင်သူများအတွက် ဖိနပ်ထားရန်နေရာကို ထိုင်ခုံကဲ့သို့ပါ အပိုလုပ်ဆောင်ချက်များ ပြုလုပ်နိုင်သည့် ဖိနပ်ပုံးပုံစံဖြင့် ဖန်တီးကြည့်ပါ။ ဖိနပ်အတွက်ထားရန်သော်လည်းကောင်း၊ ထိုင်ခုံအဖြစ်သော်လည်းကောင်း သို့မဟုတ် အမျိုးမျိုးသော ပစ္စည်းအမျိုးမျိုးထားရှိရန်အတွက် သိုလှောင်ရာအဖြစ် အသုံးပြုနိုင်ပါက အသုံးပြုသူအတွက် များစွာအကျိုးရှိနိုင်သည်။ လှပသော ဒီဇိုင်းနှင့် ကိုက်ညီသော ပစ္စည်းများစွာဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်သည်။ သင့်အိမ်နှင့်လိုက်ဖက်မည့် အရွယ်အစားကိုလည်း ရွေးချယ်ရန် အရွယ်အစားမျိုးစုံရှိပါသည်။

  • မှန်တံခါးပါသောဖိနပ်စင်

    ဖိနပ်တွေကို စုဆောင်းရတာ ဝါသနာပါသူဆိုရင်တော့ လှပတဲ့ဖိနပ်တွေကို ခင်းကျင်းပြသဖို့ ဖိနပ်စင်ကို ဖန်တီးလိုက်ရအောင်။ အတွင်းသို့ဖောက်ထွင်းမြင်ရသည့် မှန်တံခါးပါသောဖိနပ်စင်မျိုးကို ရွေးချယ်ပါ။ ရိုးရှင်းသောဒီဇိုင်းဖြင့် ပေါ့ပါးပြီး အခြားဖိနပ်စင်များထက် စျေးသက်သာပါသည်။ အလွယ်တကူ ရွေ့လျားမှုပြုလုပ်နိုင်သည်။ ကွန်ဒိုတွင်နေထိုင်သူ သို့မဟုတ် ပရိဘောဂမကြာခဏရွှေ့ရန် လိုအပ်နေသူများအတွက် သင့်တော်ပါသည်။

  • စင်များပါရှိသောဖိနပ်စင်

    နောက်ထပ်စိတ်ကူးတစ်ခုမှာ အဖွင့်စင်များပါရှိသော ဖိနပ်စင်မျိုးဖြစ်သည်။ ၎င်းသည် မကြာခဏတွေ့မြင်နိုင်သည့် လူကြိုက်များသော ဖိနပ်စင်ပုံစံဖြစ်သည်။ များသောအားဖြင့် စတီးသား သို့မဟုတ် သစ်သားနှင့်တူသည်။ အားသာချက်ကတော့ ဖိနပ်အတွင်းက အနံ့ဆိုးတွေကို လျော့ပါးစေပါတယ်။ ရွေးချယ်စရာဆိုဒ်တွေ အများကြီးရှိပါတယ်။ မကြာခဏ စီးလေ့ရှိတဲ့ ဖိနပ်တွေကိုထားဖို့ သင့်တော်ပါတယ်။

  • တံခါး(သို့)အံဆွဲများပါသော ဖိနပ်စင်

    ဘယ်သူမဆို သင့်အိမ်ကို လှပတဲ့ဒီဇိုင်းနဲ့ ဖိနပ်သိမ်းဆည်းဖို့ စိတ်ကူးရှိပြီး ဇိမ်ခံပစ္စည်းပုံစံ ဖိနပ်စင်မျိုးရှာဖွေနေတယ်ဆိုရင် ဖွင့်တံခါးပါသော(သို့)အံဆွဲပုံစံဖိနပ်စင်ကို ရွေးချယ်ကြပါစို့။ သင်ရှာနေသည့်အရာမျိုး ဖြစ်နိုင်သည်။ ဒီဇိုင်းအများစုသည် အလှအပကို အဓိကထားသည်။ အသုံးပြုရလွယ်ကူစေရန် အဖွင့်အပိတ် ပြုလုပ်နိုင်ပြီး၊ အိမ်ရှေ့တွင် အလှဆင်ထားနိုင်သည့် ပရိဘောဂအဖြစ် သင့်လျော်ပါသည်။ ဖိနပ်အား မထိခိုက်အောင် ကာကွယ်ပေးသည့်အပြင်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုလည်း ကာကွယ်ပေးပါတယ်။

  • ဘေးဆွဲတံခါးနှင့် ဖိနပ်စင်

    ဖွင့်တံခါးနှင့်ဖိနပ်စင်သည် သင့်လိုအပ်ချက်များနှင့် မကိုက်ညီပါက၊ ထူးခြားသောဒီဇိုင်းဖြင့် ဘေးဆွဲတံခါးနှင့်ဖိနပ်စင်ကို ကြည့်ကြပါစို့။ ဗီဒိုအဖွင့်-အပိတ်လုပ်သည့်အခါ နေရာလွတ်သက်သာစေသည်။ အထပ်မြင့်နှင့်အနိမ့် စင်နှစ်မျိုးလုံး စိတ်ကြိုက်ရွေးချယ်နိုင်သည်။ စင်အပေါ်ပိုင်းနေရာအား အခြားအရာအမျိုးမျိုးကို ထားရှိရာနေရာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အိမ်ထဲမှာ နေရာချွေတာချင်တဲ့သူတွေအတွက် နောက်ထပ်ရေပန်းစားတဲ့စတိုင်တစ်ခုပါ။

  • သော့ခတ်အသုံးပြုနိုင်သော ဖိနပ်စင်

သော့ခတ်နိုင်သည့်တံခါးပါသော ဖိနပ်စင်ဖြင့် သင်အကြိုက်ဆုံးဖိနပ်များ၏ လုံခြုံရေးကို တိုးမြှင့်လိုက်ကြပါစို့။ လှပသောဒီဇိုင်းဖြင့် ထူးထူးခြားခြားပြုလုပ်ထားသော ဖိနပ်စင်ဖြစ်ပါသည်။ လိုအပ်သလို အရွယ်အစားကို ရွေးချယ်နိုင်တဲ့ စင်များပါရှိပြီး၊ သင့်ဖိနပ်များ၏ လုံခြုံမှု ကို တိုးမြင့်လာစေရန်အတွက် သော့ခတ်ရန် သော့တစ်ချောင်းလည်းပါရှိသည်။


သင့်ဖိနပ်ကို အမြဲအသစ်ဖြစ်အောင် ဖိနပ်မသိမ်းဆည်းမီအလျင် ဂရုစိုက်ရန် အကြံပြုချက်များ။

အဖြူရောင်ဖိနပ်အား ထိန်းသိမ်းနည်း

  • ဖိနပ်အဖြူဆိုတာ လူတော်တော်များများမှာ အစွန်းအထင်း သို့မဟုတ် အမည်းစက်များနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ဖိနပ်တွေပါ။ မသိမ်းခင် သေချာဂရုမစိုက်ရင် ဖိနပ်က မြန်မြန်ဟောင်းနွမ်းသွားနိုင်ပါတယ်။ ဒါကြောင့် ဖိနပ်စင်ထဲ မထည့်ခင်မှာ ဖိနပ်အဖြူကို အောက်ပါနည်းလမ်းတွေအတိုင်း ဂရုစိုက်သင့်ပါတယ်။

    1. ဖိနပ်မသိမ်းခင် အမြဲသန့်ရှင်းပါ။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ကောင်းကောင်းသုတ်ပေးပါ။

    2. သင့်ရဲ့ဖိနပ်တွေကို ရှုပ်ပွမနေပါနဲ့။ ဖိနပ်ကို ပုံပျက်အောင်နင်းခြင်း သို့မဟုတ် ဖိနပ်ကို ညစ်ပတ်စေခြင်းမှ ကာကွယ်ရန် လမ်းသွားလမ်းလာနေရာတွင် ဖိနပ်မထားပါနှင့်။

    3. အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ရန်စိတ်ကူးဖြင့် လေဝင်လေထွက်ကောင်းသည့် ဖိနပ်စင်တစ်ခုကို ရွေးချယ်ပါ။

သားရေဖိနပ်အား ထိန်းသိမ်းနည်း

သားရေဖိနပ်များသည် အထူးဂရုစိုက်ရန် လိုအပ်သောဖိနပ်များဖြစ်သည်။ သားရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ သန့်ရှင်းရေးနည်းလမ်းရှိရပါမယ်။ တာရှည်အသုံးခံနိုင်စေရန်အတွက် အောက်ပါအတိုင်း ဂရုစိုက်နည်းအချို့ရှိပါသည်။

  1. သားရေအမျိုးအစားနဲ့ သင့်တော်တဲ့ သန့်ရှင်းရေးနည်းလမ်းကို ရွေးချယ်ပါ။ သားရေအတွင်းသား (suede)နှင့်ပြုလုပ်ထားပါက ဖိနပ်ကို ညင်သာစွာပွတ်တိုက်ပြီး ပွတ်တိုက်ရာတွင် နူးညံ့မှုအရှိဆုံး ကော်ဖတ်ကောင်းကို ရွေးချယ်ပါ။ ပြီးလျှင် သားရေအခြေအနေကိုထိန်းသိမ်းရန် လိုအပ်သည့်အရည်ကိုလိမ်းပါ။ သားရေအမှိန် (Matt)ဖြစ်ပါက အညစ်အကြေးများကိုဖယ်ရှားရန် နူးညံ့သောဘရပ်ရှ်ကို ရွေးချယ်ပါ။ ပြီးလျှင် သားရေသန့်စင်စေရန်အတွက် လိုအပ်သည့်ခရင်မ်ကိုလိမ်းပေးပါ။

  2. သားရေဖိနပ်များကို သိမ်းဆည်းခြင်းမပြုမီ ဖိနပ်အတွင်း လေဝင်လေထွက်ကောင်း၍ စိုစွတ်မှုမရှိစေရန် ပြုလုပ်ထားသင့်သည်။

  3. ဖိနပ်၏လှပသောပုံစံကို ထိန်းသိမ်းရန်အတွက် မသိမ်းဆည်းမီ ဖိနပ်ပုံသွင်းသည့်ပစ္စည်း (shoe shaper)ကို ထည့်၍သိမ်းရန် အကြံပြုအပ်ပါသည်။

Sneaker ဖိနပ် ထိန်းသိမ်းနည်း

Sneakers သည် လူများစွာဝတ်ဆင်လေ့ရှိသော ဖိနပ်အမျိုးအစားဖြစ်သည်။ ဒါကြောင့် သိုလှောင်မှုကို အာရုံစိုက်ပြီး မှန်ကန်တဲ့ ဖိနပ်သိမ်းဆည်းမှု နည်းလမ်းများကို ရွေးချယ်ပါ။ ဤသို့ပြုလုပ်ပါက Sneakers ဖိနပ်တွေကို အခြေအနေကောင်းကောင်းနဲ့ ကြာကြာစီးနိုင်ပါလိမ့်မယ်။

  1. Sneakers များကို သိမ်းဆည်းခြင်းမပြုမီ အချိန်တိုင်း ဖုန်မှုန့်နှင့် အညစ်အကြေးများကို သန့်စင်ပေးသင့်သည်။

  2. အစိုပြန်မှုမရှိစေရန်အတွက် ဖိနပ်များကို လေဝင်လေထွက်ကောင်းသည့်နေရာတွင် ထားပါ။

  3. မလိုလားအပ်သော အနံ့ဆိုးများကို စုပ်ယူရန်နှင့် ဖိနပ်ပုံစံမပျက်စေရန်အတွက် ဖိနပ်အတွင်း သတင်းစာစက္ကူ ထည့်၍အသုံးပြုပါ။

  4. လေဝင်လေထွက်ရှိသော ဖိနပ်စင်ကိုရွေးချယ်၍ သိမ်းဆည်းပါ။ အတွင်းပိုင်းတွင် စိုစွတ်မှုမဖြစ်စေဘဲ မှိုနှင့် ဘက်တီးရီးယားပြဿနာများကို လျှော့ချပေးနိုင်ပါတယ်။



သင့်စိတ်ကြိုက်ဖိနပ်တစ်ရံကို အမြဲအခြေအနေကောင်းနေစေရန်အတွက် အဓိကအချက်များထဲမှတစ်ခုမှာ မှန်ကန်သောဖိနပ်စင်တွင် သိမ်းဆည်းရန် ရွေးချယ်ခြင်းဖြစ်သည်။ မိမိတို့ KIOSK ပရိဘောဂတွင် စတိုင်တိုင်းနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သော စတီးဖြင့်ပြုလုပ်ထားသည့် ဖိနပ်စင်ဗီဒိုများစွာရှိပါသည်။ ခိုင်ခံ့မှုမြင့်မားပြီး လူကြီးမင်းတို့၏ လိုအပ်ချက်နှင့်ကိုက်ညီသော အရွယ်အစား များစွာရှိပြီး လှပသောဒီဇိုင်းများလည်းရှိပါသည်။ မိမိတို့ KIOSK ရှိပရိဘောဂများနှင့် လစဥ်ပရိုမိုးရှင်းများကို မိမိတို့၏ website တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။