kiosk furniture logo
coupon
K
0 coin

အရေးကြီးစာရွက်စာတမ်းများအား မီးခံသေတ္တာအတွင်း လုံခြုံစွာသိမ်းဆည်းပါ။ ဤနည်းလမ်းသည် အကောင်းဆုံးသော ကာကွယ်မှုတစ်ခုပင်ဖြစ်သည်။

မီးခံသေတ္တာများသည် ရုံးများ၊ ဘဏ်များ၊ ရွှေဆိုင်များတွင်သာမက အိမ်အတွင်း၌ပါ အသုံးများသော အရေးကြီးသည့်ပစ္စည်းများဖြစ်သည်။ အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းရန်အတွက်သာမက အမျိုးမျိုးသော အရေးကြီးသည့် စာရွက်စာတမ်းများအား သိမ်းဆည်းရန်အတွက်လည်း အသုံးပြုကြသည်။ ဤဆောင်းပါးတွင်၊ အရေးကြီးသောစာရွက်စာတမ်းများကို အန္တရာယ်ကင်းပြီး အလိုရွိသည့္အခါ အလြယ္တကူ အသုံးပြုနိုင်စေရန် လုံခြုံစွာသိမ်းဆည်းထားနိုင်မည့် နည်းလမ်းများအား မိတ်ဆက်ပေးပါမည်။


အရေးကြီးစာရွက်စာတမ်းများ သိမ်းဆည်းရန်နည်းလမ်းများ

“စာရွက်စာတမ်း” ဟူသည် မွေးစာရင်းများ၊ စာချုပ်များ၊ ဝင်ငွေ/ထွက်ငွေ အသုံးစရိတ်ပြေစာများ၊ အခွန်ပြေစာများ စသည်တို့ကဲ့သို့ တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းနှင့်ပတ်သက်သော အချက်အလက်များနှင့် အသေးစိတ်အချက်အလက်များပါရှိသော မည်သည့်စာရွက်စာတမ်းအမျိုးအစားမဆိုဟု သတ်မှတ်နိုင်သည်။ ဤကဲ့သို့ အရေးကြီးစာရွက်စာတမ်းများအား မပျောက်ပျက်ပဲ လုံခြုံစွာသိမ်းဆည်းထားရန်နှင့် လွယ်ကူစွာရှာဖွေနိုင်ရန်အတွက် ကူညီပေးသည့် အောက်ပါနည်းလမ်းများရှိပါသည်။

၁။ စာရွက်စာတမ်းများကို အမျိုးအစားခွဲပါ။

ပထမနည်းလမ်းမှာ စာရွက်စာတမ်းများကို စနစ်တကျ အမျိုးအစားခွဲရန်ဖြစ်သည်။ ကိုယ်ရေးကိုယ်တာစာရွက်စာတမ်းများ၊ ဘဏ္ဍာရေးစာရွက်စာတမ်းများ၊ အစိုးရစာရွက်စာတမ်းများ၊ ဥပဒေစာရွက်စာတမ်းများစသည်ဖြင့် စာရွက်စာတမ်းအမျိုးအစားအလိုက် ခွဲခြားခြင်းနည်းစနစ်ကို သင်အသုံးပြုနိုင်ပါသည်။

၂။ စာရွက်စာတမ်းများကို ရက်စွဲ၊ လနှင့် နှစ်အလိုက် ခွဲခြားပါ။

အရေးကြီးစာရွက်စာတမ်းများ အများကြီးရှိတဲ့သူတွေအဖို့ အမျိုးအစားခွဲထားသည့်တိုင် အလွယ်တကူရှာမရပါက အသုံးပြုနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ ရက်စွဲ၊ လနှင့် နှစ်အလိုက် စာရွက်စာတမ်းများကို ထပ်လောင်းခွဲထုတ်နိုင်သည်။ စာရွက်စာတမ်းများကို ယခင်ကထက် မြန်ဆန်စွာ ရှာဖွေနိုင်မည်ဖြစ်သည်။

၃။ စာရွက်စာတမ်းသိမ်းဆည်းသည့် ပစ္စည်းများကို အသုံးပြုပါ။

သင့်လျော်သော စာရွက်စာတမ်းသိမ်းဆည်းပစ္စည်းများကို အသုံးပြုခြင်းဖြင့် စာရွက်စာတမ်းများကို ပိုမိုစနစ်တကျ လွယ်ကူစွာ စုစည်းထားနိုင်ပါသည်။ ပြင်ပအချက်များကြောင့် စာရွက်စာတမ်းများ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါသည်။ အများအားဖြင့် အသုံးများသောပစ္စည်းများမှာ ဖိုင်တွဲကွင်းသုံး၍ထားခြင်း၊ စာအိတ်အတွင်းထားခြင်းနှင့် ဖိုင်တွဲအတွင်းထားခြင်းများဖြစ်သည်။ သေတ္တာထဲတွင် သိမ်းဆည်းခြင်းအပြင် စာရွက်စာတမ်းများကို သိမ်းဆည်းရန်အတွက် အထူးပြုလုပ်ထားသော အံဆွဲဖြင့်လည်း သိမ်းဆည်းထားနိုင်သည်။ ထို့အပြင် အရေးကြီးသောစာရွက်စာတမ်းများကို လုံခြုံစိတ်ချရသောနေရာတွင် သိမ်းဆည်းခြင်းသည် စာရွက်စာတန်းများကို လုံခြုံရေးအမြင့်မားဆုံးထားရှိလိုသူများအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်သည်။

၄။ မလိုအပ်သောစာရွက်စာတမ်းများကို ဖျက်ဆီးပါ။

စာရွက်စာတမ်းတွေကို လွယ်လွယ်ကူကူရှာနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မလိုအပ်သော စာရွက်စာတမ်းများကို ဖျက်ဆီးပစ်ခြင်းပင်ဖြစ်သည်။ ဤနည်းလမ်းသည် စာရွက်စာတမ်းအရေအတွက်ကို ရိုးရှင်းစေရန်နှင့် လျှော့ချနိုင်စေပြီး ရှာဖွေရလွယ်ကူစေသည့်အပြင် သိမ်းဆည်းရန်နေရာလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ သက်တမ်းလွန်စာရွက်စာတမ်းများ သို့မဟုတ် ပြန်လည်ပုံနှိပ်ထားသည့် စာရွက်စာတမ်းများကဲ့သို့သော အရည်အချင်းမပြည့်မီသော စာရွက်စာတမ်း အမျိုးအစားများအား ဖျက်ဆီးပစ်နိုင်သည်။ ထို့အပြင် ဤနည်းလမ်းသည် စာရွက်စာတမ်းအချက်အလက်များ ပေါက်ကြားခြင်းမှလည်း ကာကွယ်ပေးပါသည်။

၅။ မှန်ကန်သော ဖိုင်ကက်ဘိနက်ကို ရွေးချယ်ပါ။

နောက်ဆုံးနည်းလမ်းမှာ မှန်ကန်သော ဖိုင်ကက်ဘိနက်ကို ရွေးချယ်ခြင်းဖြစ်သည်။ သိမ်းဆည်းထားရမည့်စာရွက်စာတမ်းသည် အရေးကြီးသောလျှို့ဝှက်စာရွက်စာတမ်းမဟုတ်ပါက ဖိုင်တွဲဗီရို၊ အံဆွဲ သို့မဟုတ် ကက်ဘိနက်ကို အသုံးပြုရန် သင်ရွေးချယ်နိုင်သည်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခုဆိုရင် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံစွာသိမ်းထားဖို့ အကြံပြုချင်ပါတယ်။


เทคนิคการเก็บเอกสารสำคัญในตู้เซฟให้หาง่าย

အရေးကြီးစာရွက်စာတမ်းတွေကို မီးခံသေတ္တာထဲ လုံခြုံအောင် ဘယ်လိုသိမ်းဆည်းမလဲ။

  • မှန်ကန်သော အရွယ်အစားရှိသည့် မီးခံသေတ္တာကို ရွေးချယ်ပါ - သိမ်းဆည်းလိုသော စာရွက်စာတမ်း အရေအတွက်နှင့် အမျိုးအစားတို့ကို ထည့်သွင်းစဉ်းစားပါ။

  • စာရွက်စာတမ်းများကို မီးခံသေတ္တာထဲမထည့်မီ စနစ်တကျစုစည်းပါ - လိုအပ်သောစာရွက်စာတမ်းများကို အချိန်တိုအတွင်း အလွယ်တကူရှာဖွေနိုင်စေရန် အမျိုးအစားခွဲ၍ စနစ်တကျစီစဉ်ထားသင့်သည်။

  • အမြဲတမ်းသိမ်းဆည်းထားရမည့် အရေးကြီးစာရွက်စာတမ်းများကို ကောင်းမွန်စွာသိမ်းဆည်းထားသင့်သည် - အရေးကြီးတဲ့ ကုမ္ပဏီစာရွက်စာတမ်းတွေများ၊ စာရင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ သို့မဟုတ် ကုမ္ပဏီ၏လျှို့ဝှက်စာရွက်စာတမ်းများအား အသုံးပြုပြီးတိုင်း ဘေးကင်းစေရန် သော့ခတ်ထားခြင်းဖြင့် ပြင်ပလူများ သို့မဟုတ် အခြားသော မလိုလားအပ်သည့်ဖြစ်ရပ်များမှ ကင်းဝေးစေပါသည်။ ပြီးတော့ မီးခံသေတ္တာကို လုံခြုံတဲ့နေရာမှာ ထားသင့်ပါတယ်။

  • စာရွက်စာတမ်းများကို ပုံမှန်စစ်ဆေးပါ - စာရွက်စာတမ်းအားလုံး အခြေအနေကောင်းပြီး အသုံးပြုနိုင်စေရန် ပုံမှန်စစ်ဆေးပေးသင့်သည်။ ပျက်စီးသွားသော သို့မဟုတ် ပျောက်ဆုံးသွားသော စာရွက်စာတမ်းများကို တွေ့ရှိပါက သင်သည် ချက်ချင်းရှာဖွေရန် သို့မဟုတ် မိတ္တူအသစ်တစ်ခု ပြုလုပ်သင့်သည်။


ဤသည်မှာ အရေးကြီးသော စာရွက်စာတမ်းများကို လုံခြုံစွာသိမ်းဆည်းထားနိုင်သည့် နည်းလမ်းများဖြစ်သည်။ ယခုနည်းလမ်းများကို အိမ်နှင့် ရုံးခန်း နှစ်ခုလုံးတွင် အသုံးချနိုင်သည်။ ထိုသို့ စာရွက်စာတမ်းနှင့် အရေးကြီးပစ္စည်းများအား လုံခြုံစွာသိမ်းဆည်းရန်အတွက် လူကြီးမင်းထံတွင် သင့်တော်တဲ့ မီးခံသေတ္တာ ရှိပါသလား။ မရှိသေးပါက လုံခြုံစိတ်ချရသည့် မီးခံသေတ္တာအား မိမိတို့ KIOSK ပရိဘောဂတွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေး၊ အလတ် နှင့် အကြီး အရွယ်အစား အမျိုးမျိုးဖြင့် လုံခြုံသော မီးခံသေတ္တာများကို ရောင်းချရန် အဆင်သင့်ဖြစ်သည့်အပြင် ရွေးချယ်စရာ စတိုင်များစွာလည်း ရှိပါသည်။ မိမိတို့ KIOSK မီးခံသေတ္တာများသည် သာလွန်သောဘေးကင်းမှုကို တိုးမြှင့်ရန်အတွက် အမြင့် ၉ မီတာတွင် မီးခံနိုင်သော စံနှုန်းစမ်းသပ်မှု UL 72 Class 350 နှင့် Drop Test တို့ကိုလည်း အောင်မြင်ခဲ့သည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် သင်၏အရေးကြီး အဖိုးတန်ပစ္စည်းများ လုံခြုံစွာထားနိုင်တဲ့ အရည်အသွေးအကောင်းဆုံး မီးခံသေတ္တာတစ်လုံးကို ချက်ချင်းဝယ်ယူလိုက်ပါ။