kiosk furniture logo
coupon
K
0 coin
>နိမ့်/မြင့်ချိန်ညှိနိုင်သော ကုတင်များ>

လျှပ်စစ်ဖြင့် လိုသလိုနိမ့်/မြင့်ချိန်ညှိနိုင်သော ကုတင်၊ အာမခံ (၅)နှစ်ပေးပါသည်။

သင်သိပါသလား? ယေဘူယျကုတင်များအပြင် သက်တောင့်သက်သာရှိစေမည့် အခြားကုတင်အမျိုးအစားလည်း ရှိသေးသည်။ ၎င်းသည် 'ချိန်ညှိနိုင်သောအိပ်ရာ' သို့မဟုတ် 'ချိန်ညှိနိုင်သောမွေ့ယာ' ဟူသော အကျိုးကျေးဇူးများစွာဖြင့် လာပါသည်။ ကုတင်အား အဝေးထိန်းရီမုဖြင့် အနေအထားအမျိုးမျိုးသို့ ချိန်ညှိနိုင်သည်။ အသုံးပြုမှုလိုအပ်ချက်များစွာကို ဖြည့်ဆည်းပေးပြီး သက်ကြီးရွယ်အိုများအတွက် အိပ်ရာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ သက်ကြီးရွယ်အိုများ သက်တောင့်သက်သာ အိပ်ပျော်စေရန် ကူညီပေးသည်။ အထူးစောင့်ရှောက်မှုလိုအပ်သော အိမ်ရှိလူနာများကို ပြုစုစောင့်ရှောက်ခြင်းနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။


ခေတ်မီခြင်းထက်ပိုသော အကျိုးကျေးဇူးများစွာရှိသည့် လျှပ်စစ်ဖြင့် နိမ့်/မြင့်ချိန်ညှိနိုင်သော ကုတင်

ကုတင်အစိတ်အပိုင်းတိုင်း၏ အမြင့်ကို ချိန်ညှိနိုင်သည်။ ကုတင် အစိတ်အပိုင်းတစ်ခုစီသည် သီးခြားစီ အလုပ်လုပ်သည်။ ကုတင်ခေါင်းရင်း၊ ကုတင်အလယ်နှင့် ကုတင်ခြေရင်း အစိတ်အပိုင်းများဖြစ်သည်။ မိမိတို့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ထောက်ပံ့ပေးနိုင်ရန်အတွက် အဝေးထိန်းရီမုဖြင့် အိပ်ယာကို အလွယ်တကူ ချိန်ညှိနိုင်သည်။ ထို့ကြောင့် လိုအပ်ချက်တိုင်းအတွက် အထောက်အကူပြုသည်။ မိမိတို့အား သက်တောင့်သက်သာ အိပ်ပျော်ရန်အတွက်လည်း ကူညီပေးသည်။ အပြည့်အ၀အနာယူနိုင်သည်။ ထို့အပြင် နာကျင်မှုမဖြစ်စေဘဲ သင့်လျော်သောပုံစံတွင် ရုပ်ရှင်ကြည့်ရန်အတွက် ကုတင်နိမ့်/မြင့်ကို ချိန်ညှိနိုင်သည်။ ထို့အပြင် ယခုကဲ့သို နိမ့်/မြင့်ချိန်ညှိနိုင်သော မွေ့ရာပေါ်တွင်အိပ်ခြင်းသည် ကျွနု်ပ်တို့၏ကျန်းမာရေးကို မြှင့်တင်ပေးပါသည်။ ကျွနု်ပ်တို့၏ သွေးလည်ပတ်မှုစနစ်ကောင်းမွန်စေရန် ခြေရင်းဘက်အား မြှင့်တင်၍အိပ်ခြင်း သို့မဟုတ် အသက်ရှုရလွယ်ကူစေရန်အတွက် အိပ်ရာခေါင်းကို မြင့်မြင့်ဖြစ်အောင် ချိန်ညှိ၍အိပ်ခြင်းစသည့် ကျန်းမာရေးလိုအပ်ချက်များနဲ့ ကိုက်ညီရန် ကုတင်အား လိုသလိုနိမ့်/မြင့် ချိန်ညှိနိုင်ပါသည်။ ထိုပြင် အိပ်ယာခေါင်းရင်းအား မြှင့်၍အိပ်ခြင်းအားဖြင့် ဟောက်ခြင်းပြဿနာများကို လျှော့ချပေးပြီး၊ အက်ဆစ်ပြန်တက်ခြင်း၏ လက္ခဏာများကို သက်သာစေသည်။


သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရန်အတွက် အသုံးပြုရကျိုးနပ်ပါတယ်

လိုသလိုနိမ့်/မြင့်ချိန်ညှိနိုင်သော ကုတင်သည် သာလွန်ကောင်းမွန်သော စိတ်အပန်းပြေမှုကို ပေးစွမ်းနိုင်သည့်အပြင်၊ သက်ကြီးရွယ်အိုများအတွက်လည်း အသုံးပြုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အိပ်သည့်ပုံစံများစွာနှင့် လိုက်ဖက်အောင် ချိန်ညှိနိုင်သောကြောင့်ဖြစ်သည်။ ၎င်းသည် လှုပ်ရှားသွားလာရန် ခက်ခဲမှုရှိခြင်း သို့မဟုတ် အိပ်စက်ခြင်းပြဿနာရှိသည့် သက်ကြီးရွယ်အိုများအတွက် အသင့်တော်ဆုံးဖြစ်စေရန် ထုပ်လုပ်ထားသောကြောင့် သင့်အနေဖြင့် အပြည့်အဝအနားယူနိုင်ပါသည်။ ထိုင်သည့်အခါလည်း လွယ်ကူမှုရှိသည်။ ချိန်ညှိနိုင်သောကုတင်သည် အိပ်ယာအနေအထားအား လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်သောကြောင့် သက်ကြီးရွယ်အို လူနာပြုစုစောင့်ရှောက်မှုရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိသည်။ ၎င်းသည် လူနာအား အထိုင်အထပြုလုပ်ရန် လွယ်ကူစေသည်။ အိပ်ရာပေါ်ထိုင်၍ စားသောက်နိုင်ပါသည်။ အိပ်ယာနာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ရွေ့လျားရန်ခက်ခဲသောလူနာများအတွက် ကျွနု်ပ်တို့သည် အဝေးထိန်းရီမုခလုတ်ဖြင့် နိမ့်/မြင့်ကို အဆင်ပြေစွာ ချိန်ညှိနိုင်ပါသည်။ အားအင်ကို ​ေချွတာစေပြီး ခန္ဓာကိုယ် လှုပ်ရှားမှုပြုခြင်းအတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။


KIOSK သည် ခိုင်ခံ့ပြီးတာရှည်ခံသော အရည်အသွေးမြင့် ပရိဘောဂများအား စက်ရုံစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး အရည်အသွေးကို အာမခံပါသည်။

KIOSK ခေတ်မီပရိဘောဂသည် ခိုင်ခံ့ပြီးတာရှည်ခံ၍ အရည်အသွေးကောင်းမွန်သော ပရိဘောဂများကို စက်ရုံစျေးနှုန်းများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး (၃)ပေ၊ (၅)ပေနှင့် (၆)ပေအပါအဝင် အရွယ်အစားအမျိုးမျိုးရှိ မွေ့ယာများအတွက် လျှပ်စစ်ဖြင့် လိုသလိုချိန်ညှိနိုင်သောကုတင်များကို ရောင်းချပေးလျက်ရှိပြီး အနှိပ်စနစ်ပါရှိပြီး အဝေးထိန်းရီမုစနစ်ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရန်နှင့် အပန်းဖြေအနားယူရန်အတွက် အသင့်တော်ဆုံးဖြစ်ပြီး မော်တော်နှင့် အဝေးထိန်းရီမုစနစ်အတွက် အာမခံ ၂ နှစ်နှင့် ကုတင်ကိုယ်ထည်အတွက် အာမခံ ၅ နှစ်အထိ အာမခံပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ ယခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် လိုသလို နိမ့်/မြင့်ချိန်ညှိနိုင်သော ကုတင်တစ်လုံးကို ချက်ချင်းဝယ်ယူလိုက်ပါ။

Sort by: