Categories














လက်ဗွေစနစ်နှင့် ဒစ်ဂျစ်တယ်ကုဒ်နံပါတ်စနစ်ပါသော အိမ်သုံးမီးခံသေတ္တာ
MMK ၅၇၀,၀၀၀
Quantity :
Product Detail
လက်ဗွေရာ (၃၀)အထိမှတ်သားနိုင်ပြီး၊ လျှို့ဝှက်နံပါတ် ၄-၈ လုံးအထိ အသုံးပြုနိုင်သည်။ LCD screen display နှင့်ဖြစ်ပြီး အရေးပေါ်သော့ (၂)ချောင်းပါသည် (အရေးပေါ်လိုအပ်မှသာသုံးရန်)။ AA ဘက်ထရီ (၄)လုံးထည့် ဘက်ထရီအပိုဗူးလည်းပါ၀င်သည် (အတွင်းဘက် ဘက်ထရီကုန်လျှင်အသုံးပြုရန်)။ ထို့ပြင် ဘက်ထရီ လက်ကျန်ရာခိုင်နှုန်းကိုပါ ပြသပေးသည်။ အရေးပေါ်ဘက်ထရီကုန်သွားသည့်အခါ USB Type C အားသွင်းကြိုးဖြင့်လည်း အလွယ်တကူအသုံးပြုနိုင်သည်။ သော့မောင်းတံနှစ်ခုပါသော One Way Lock Bolts စနစ်ဖြင့် ပိုမိုလုံခြုံမှုရှိသည်။ မီးခံသေတ္တာ ဖျက်ဆီးခံရခြင်း (သို့) ဖျက်ဆီးဖွင့်ရန်ကြိုစားပါက အသံမြည်သည့် အသံပေးအချက်ပြစနစ်ပါရှိသည်။ မီးခံသေတ္တာ အတွင်းဘက်အတိုင်းအတာမှာ - 34.6(W)*19(D)*24.6(H) cm. (သို့) 16 Liters ဖြစ်ပြီး၊ စင် (၁)စင်ပါ၀င်သည်။ မီးခံသေတ္တာအားဖွင့်၍ အသုံးပြုသည့်အခါ အတွင်းရှိပစ္စည်းများအား အလွယ်တကူမြင်နိုင်စေရန်အတွက် မီးလင်းစနစ်ပါရှိသည်။ ကြမ်းပြင် (သို့) နံရံတွင်တပ်ဆင်ရန်အတွက် အောက်ခြေနှင့် နောက်ကျောဖက်တွင် Mounting ပေါက် ၄ ခုစီပါပြီး၊ တပ်ဆင်ရာတွင်အသုံးပြုသည့် ပစ္စည်းများလည်းပါရှိသည်။ မီးခံသေတ္တာကိုယ်ထည်အတွက် အာမခံ (၅)နှစ်နှင့် System ပိုင်းဆိုင်ရာအတွက် အာမခံ (၂)နှစ်ပေးပါသည်။
Code
SA-151-HSE
Size
Width 35 cm. * Height 25 cm. * Depth 25 cm.
Weight
10.2 kg.